Warning: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0 in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 176

Warning: file_get_contents(https://book-myanmar.crane.aero/ibe/search/currencies): Failed to open stream: no suitable wrapper could be found in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 176

Warning: Undefined array key "GEOIP_COUNTRY_CODE" in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 185
အိန္ဒိယနိုင်ငံမှ လည်ပတ်ရန်နေရာဒေသများ

ရှေးဟောင်းမြို့တစ်မြို့ဖြစ်သော ဂါယာသည် ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတွက် အရေးပါသည့် မြို့ဖြစ်သည်။ ဂါယာဆိုသော အမည်မှာ နတ်ဆိုးကြီးဂါယာဆား (Gayasur) ၏ အမည်မှ ဆင်းသက်လာ ခဲ့ခြင်းဖြစ်သည်။ ဟိန္ဒူဒဏ္ဍာရီအရင်းအမြစ်များအရ ဗိဿနိုးနတ်မင်း (Loyar Vishnu) က ဤနေရာတွင် နတ်ဆိုးကြီးဂါယာဆားကို သတ်ခဲ့ခြင်းဖြစ်သည်။ ဤနေရာသည် (Vaishnarites) ဗိဿနိုးနတ်မင်း ကိုးကွယ်သူ ဟိန္ဒူဘာသာဝင်များ အတွက် အထူးအလေးအမြတ် ထားရာနှင့် ဟိန္ဒူဘာသာဝင် အားလုံးအတွက် ယေဘုယျ အလေးထားရာ ဘုရားဝတ်ပြုသည့် နေရာတစ်နေရာဖြစ်သည်။ ဂါယာရှိ Vishnupad ဘုရားကျောင်းသည်လည်း အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံးမှ ဟိန္ဒူဘာသာဝင်များကို ဆွဲဆောင်နေပြီး ရိုးရာဓလေ့ထုံးတမ်းတစ်ရပ်ဖြစ်သော Pind Dan (ကွယ်လွန်ပြီးသူများကို ဂါရဝပြုသည့် ဟိန္ဒူဘာသာဝင်တိုင်းအတွက် မဖြစ်မနေဆောင်ရွက်ကြသော) ဝတ်ပြုမှုကို ဤနေရာတွင် ဘာသာရေးနှင့်အညီ မပျက်မကွက် ရိုသေကိုင်းရှိုင်းစွာဆောင်ရွက်ကြသည်။ 

ပါရာစနတ်သ်တောင်ကုန်းမှာ ဂါယာတွင် တည်ရှိသည့် ဘုရားဝတ်ပြုရာ နေရာတစ်ခုဖြစ်သည်။ ဂျိမ်း (Jain) ဘာသာရေးဆိုင်ရာ ကျမ်းစာများမှ ဖော်ပြချက်များအရ ဂျိမ်းဘာသာ၏ အထွဋ်အမြတ်ကယ်တင်ရှင်နှင့် သံသရာတစ်ဖက်လမ်းသို့ ပို့ဆောင်မည့် လမ်းမှန်ကိုညွှန်ပြပေးသည့်အရာ (Trithankars) ၂၄ ဦး အနက် ၂၂ ဦးသည် ဤနေရာတွင် သံသရာမှလွတ်မြောက်မှုကို ရရှိအောင်မြင်ခဲ့သည်ဟုဆိုသည်။ အဆိုပါအချက်အရပင် ဤနေရာသည် နှစ်စဥ် ဂျိမ်းဘာသာဝင်များ အတွက် အထူးအလေးအမြတ်ထားရာ ၀တ်ပြုဆုတောင်းသည့်နေရာ ဖြစ်သည်။ ဂျိမ်းဘာသာဝင် အမြောက်အများ အုပ်စုလိုက် ပါရာစနတ်သ် တောင်ကုန်းသို့ နှစ်စဉ်နှစ်တိုင်း လာရောက်ကြလေ့ရှိသည်။ 

တောရိုင်းတိရစ္ဆာန်များ၊ မြစ်များ၊ ကန်များနှင့် စိမ်းလန်းစိုပြေနေသော ဤဒေသသည် ဂါယာအနီးမှ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရာ အဓိကနေရာတစ်နေရာပင်ဖြစ်သည်။ ပင်လယ်ရေပြင်အထက် မီတာ ၃၀၀ မှ ၉၀၀ ကြားအမြင့်တွင် တည်ရှိသည့် ကုန်းပြင်မြင့်ကြီးတွင် အံ့မခန်းစိမ်းလန်းစိုပြေလှသည့် တောင်ကြားချိုင့်ဝှမ်းများကို လေ့လာကြည့်ရှုနိုင်သည်။ ဤကုန်းပြင်မြင့်တွင် ပင်ရင်းအခြေချနေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားများ၏ မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှုကလည်း ဤဒေသ၏ အခြားဆွဲဆောင်မှုတစ်ရပ်ပင်ဖြစ်သည်။ မျိုးနွယ်စုများဖြစ်ကြသော Santhal, Ho, Munda, Oraon, Koi, Chero, Kharia, Paharia မျိုးနွယ်စုများသည် အမှန်တကယ်လေ့လာထိုက်ပြီး ၎င်းတို့၏နေထိုင်မှုနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို တိတ်တဆိတ် အနီးကပ်လေ့လာခြင်းသည် အလွန်မှန်ကန်သည့် စိတ်ကူးတစ်ရပ်ပင်ဖြစ်သည်။