Warning: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0 in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 176

Warning: file_get_contents(https://book-myanmar.crane.aero/ibe/search/currencies): Failed to open stream: no suitable wrapper could be found in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 176

Warning: Undefined array key "GEOIP_COUNTRY_CODE" in /home/gejajnvo/public_html/mai-new/templates/hititcs/index.php on line 185
စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

Online Booking စနစ်နှင့် အခြားဆက်စပ်ဝန်ဆောင်မှုများ အသုံးပြုခြင်း 

 

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း ကုမ္မဏီလီမိတက်နှင့် သုံးစွဲသူအကြား သဘောတူညီချက်

 

၁.၁။ MAI Aviation Online Facility (MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking စနစ်နှင့် အခြားဆက်စပ်ဝန်ဆောင်မှုများအားလုံး) သည် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း ကုမ္မဏီလီမိတက်မှ ပိုင်ဆိုင်ပြီး စီမံဆောင်ရွက်သည်။ ဤသဘောတူညီချက်ပါ အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်များကို ပြင်ဆင်ပြောင်းလဲခြင်းမပြုပဲ လိုက်နာလက်ခံမည်ဆိုပါက သုံးစွဲသူသင့်အား Booking Facility ကို အသုံးပြုခွင့်ပြုမည်ဖြစ်သည်။ သင့်အနေဖြင့် ကြိုတင်စာရင်းပေးသွင်းခြင်း (Reservation) တစ်ရပ်ပြုလုပ်ရန် Booking Facility အား အသုံးပြုသည့်အခါ အသုံးပြုခြင်းဆိုင်ရာ ကန့်သတ်ချက်များနှင့် အခြားသောစည်းမျဉ်းများ၊ သတ်မှတ်ချက်များနှင့် အသိပေးချက်များကို သင့်အနေဖြင့် သဘောတူညီကြောင်း လက်မှတ်ရေးထိုးပေးရမည်။

အကယ်၍ သင့်အနေဖြင့် ဤအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို သဘောတူညီခြင်းမရှိပဲ လက်မှတ်ရေးထိုးလိုခြင်း မရှိပါက Booking Facility ကို အသုံးမပြုပါနှင့်။
သင့်အနေဖြင့် မှတ်တမ်းအဖြစ်ထားရှိနိုင်ရန် ဤအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တစ်စောင်ကို ရရှိမည်ဖြစ်သည်။

၁.၂။ Booking Facility တွင် ပါဝင်သည့် သတင်းအချက်အလက်သည် ကြိုတင်အသိပေးခြင်းမရှိပဲ ပြင်ဆင်ပြောင်းလဲနိုင်သည်။ MAI သည် Booking Facility (သို့မဟုတ်) Booking Facility တွင် ပါဝင်သည့် သတင်းအကြောင်းအရာ (သို့မဟုတ်) မည့်သည့်အချက်အလက်၏ တိကျမှန်ကန်မှု (သို့မဟုတ်) ပြီးပြည့်စုံမှုကိုမျှ တာဝန်ခံခြင်း (သို့မဟုတ်) အာမခံခြင်းမပြုပေ။

Booking Facility သည် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် စီးပွားရေးမဟုတ်သော အသုံးပြုမှုအတွက်ဖြစ်သည်။ သင့်အနေဖြင့် ဤ Booking Facility ကို မိတ္တူပြုလုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ဖြန့်ဝေခြင်း၊ Online အသုံးပြု၍ ထပ်ဆင့်ပေးပို့ခြင်း၊ ပြသခြင်း၊ အသုံးပြုဆောင်ရွံက်ခြင်း၊ မူပွားပြုလုပ်ခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ လိုင်စင်ပြုလုပ်ခြင်း၊ ဆင့်ပွားအတုဖန်တီးခြင်း (သို့မဟုတ်) Booking Facility တွင် ပါဝင်သော မည်သည့်သတင်းအချက်အလက်၊ Software ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုများကို ရောင်းချခြင်းများကို ဆောင်ရွက်ခွင့်မရှိပေ။

၃.၁။ MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility သည် သင်ကိုယ်တိုင်နှင့် သင်နှင့်အတူ ခရီးသွားမည့်သူများအတွက် တရားဝင်ကြိုတင်စာရင်းပေးသွင်းခြင်း သို့မဟုတ် ဝယ်ယူခြင်းများ ဆောင်ရွက်နိုင်ရန် ခရီးသွားလာမှုနှင့် ဆက်စပ်နေသည့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ ရရှိနိုင်မှု ရှိ၊ မရှိ သင်ဆုံးဖြတ်ရာတွင် အထောက်အကူပြုလုပ်နိုင်ရေးအတွက်သာဖြစ်သည်။ Booking Facility ကို တလွဲအသုံးပြုပါက အကျိုးဆက်အဖြစ် သင့်အနေဖြင့် Booking Facility ဝင်ရောက်အသုံးပြုခြင်းကို ငြင်းပယ်ခံရမည်ဖြစ်သည်။

၃.၂။ အခြားစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များသည် သင်၏ကြိုတင်စာရင်းပေးသွင်းခြင်း၊ ခရီးသွားလာမှုနှင့် ဆက်စပ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းအပေါ် အကျိုးသက်ရောက်မည်ဖြစ်သည်။ သင့်အနေဖြင့် သတ်မှတ်ချိန်အတိုင်း ပေးချေရမည့်ငွေပမာဏအားလုံးကို ပေးသွင်းမှုအပါအဝင် ဝယ်ယူခြင်းဆိုင်ရာ သတ်မှတ်ထားသည့် စည်းမျဉ်းနှင့်သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဈေးနှုန်းများ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ ရရှိခြင်းနှင့် စပ်လျဉ်းသော စည်းမျဉ်းစည်းကမ်းနှင့် ကန့်သတ်ချက်များအားလုံးကို လိုက်နာစောင့်ထိန်းရမည်ဖြစ်သည်။ သင့်အနေဖြင့် ကျသင့်ငွေ၊ ဝန်ဆောင်ခ၊ အကောက်ခွန်၊ စည်းကြပ်ခွန် အားလုံးအတွက် တာဝန်ခံရမည်ဖြစ်ပြီး Booking Facility အသုံးပြုခြင်းကြောင့် ပေါ်ပေါက်လာသည့် ကျသင့်ငွေအတွက်ပါ တာဝန်ယူရမည်ဖြစ်သည်။

၃.၃။ သင့်အနေဖြင့် MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility ကို တရားဝင်ကြိုတင် စာရင်းပေးသွင်းခြင်းများအတွက်သာ အသုံးပြုရမည်ဖြစ်သည်။

၄။ Booking ပြုလုပ်ခြင်းဆိုင်ရာ စည်းမျဉ်းများ

၄.၁။ သင့်အနေဖြင့် Economy Class တွင် ခရီးသည် ၉ ဦးအထိနှင့် Premium Economy Class တွင် ခရီးသည် ၄ ဦးအထိ ကြိုတင်စာရင်းပေးသွင်းခြင်း ပြုလုပ်နိုင်မည်ဖြစ်သည်။

၄.၂။ ရင်ခွင်ပိုက်ကလေး (ခရီးသွားချိန်တွင် အသက် ၂ နှစ်အောက်) ကို MAI Online Booking Facility မှတဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်သည်။ ကလေး (အသက် ၂ နှစ်နှင့်အထက်၊ အသက် ၁၂ နှစ်နှင့်အောက်) သည် အတူတကွ ကြိုတင်စာရင်းပေးသွင်းထားသော အရွယ်ရောက်ပြီးသူတစ်ဦးနှင့်အတူ ခရီးသွားရမည်။

၄.၃။ ကြိုတင်စာရင်းပေးသွင်းထားမှုများသည် သက်ဆိုင်ရာလေယာဉ်စီးနင်းခနှုန်းထား သတ်မှတ်ချက်များနှင့် အဆိုပါ လေယာဉ်ခနှုန်းထားအုပ်စုအတွင်း လေယာဉ်နေရာထိုင်ခုံရရှိနိုင်မှု အခြေအနေများပေါ်မူတည်သည်။

၄.၄။ သင်၏ကြိုတင်စာရင်းပေးသွင်းမှုကို အတည်ပြုပြီးပါက သင့်အတွက်လေယာဉ်လက်မှတ်များကို အလိုအလျောက် ဆက်လက်ဆောင်ရွက်ပြီးဖြစ်သည်။ သို့ဖြစ်၍ ကြိုတင်စာရင်းပေးသွင်းမှု အတည်ပြုပြီးနောက် ပြုလုပ်သည့် မည်သည့်ခရီးစဉ်ပယ်ဖျက်ခြင်း (သို့မဟုတ်) ခရီးသွားရက်ပြင်ဆင်ခြင်းမဆို အပြည့်အဝ ပေးဆောင်ရန် သင်သဘော တူညီထားသည့် စီမံဆောင်ရွက်မှု ဝန်ဆောင်ခကို ကျခံရမည်ဖြစ်သည်။

၄.၅။ ကြိုတင်စာရင်းပေးသွင်းခြင်းနှင့် ဝယ်ယူခြင်းများအပေါ် ပြင်ဆင်မှုပြုလုပ်ခြင်းများအတွက် စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များသည် ဈေးကွက်မြှင့်တင်မှု (အထူးနှုန်းထား/ လျော့ဈေးနှုန်း)၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုတစ်ခုခြင်း၊ တစ်မျိုးချင်းစီအတွက် ကွဲပြားခြားနားမည်ကို သတိပြုပါ။ သို့ဖြစ်၍ မည်သည့်အထူးဈေးနှုန်း (ဈေးကွက်မြှင့်တင်မှု) ထုတ်ကုန်နှင့် ဝန်ဆောင်မှုအတွက် စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်ဆိုသည်ကို တိကျစွာဖော်ပြပါ။ ဝယ်ယူထားသည့်ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှု အမျိုးအစားအလိုက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များပေါ် မူတည်၍ သင့်တောင်းဆိုမှု အရ ပြင်ဆင်ပြောင်းလဲခြင်းများကို ခွင့်မပြု (သို့မဟုတ်) ကွဲပြားခြားနားသော ကာလများအလိုက် ကြိုတင်အကြောင်းကြားရမည့် အနည်းဆုံး လုပ်ငန်းဆောင်ရွက်ချိန်တစ်ရပ် လိုအပ်မည်ဖြစ်ပြီး စီမံဆောင်ရွက်မှု ဝန်ဆောင်ခများ ကျခံရမည် (သို့မဟုတ်) အပြည့်အဝပေးဆောင်ရန် သင်သဘောတူညီထားသည့် ထပ်ဆောင်းငွေ ပေးသွင်းရမည်ဖြစ်သည်။

၄.၆။ www.maiair.com မှတဆင့် ကြိုတင်စာရင်းပေးသွင်းမှုအတွက် သင့်ကို အီလက်ထရောနစ်လက်မှတ် ထုတ်ပေးမည်ဖြစ်သည်။

၄.၇။ ကြိုတင်စာရင်းပေးသွင်းချိန်တွင် ငွေပေးချေရမည်။ လက်မှတ်ဈေးနှုန်းနှင့် အခွန်အခများကို သတ်မှတ်ထားမည်ဖြစ်ပြီး ဈေးနှုန်းသတ်မှတ်ချက်တွင် ဖော်ပြထားသည့် ငွေကြေးဖြင့် ကောက်ခံသွားမည်ဖြစ်သည်။ ကြိုတင်စာရင်းပေးသွင်းမှုများအတွက် Visa, Master နှင့် JCB မှ ထုတ်ပေးထားသည့် အကြွေးဝယ်ခွင့်ကဒ်များကိုသာ အသုံးပြုနိုင်မည်ဖြစ်သည်။ သို့ရာတွင် အဆိုပါ အကြွေးဝယ်ခွင့်ကဒ်များ အသုံးပြုခွင့်သည် လေယာဉ်ထွက်ခွာသည့် မြို့တိုင်းတွင် ရရှိနိုင်မည်မဟုတ်ပါ။

၄.၈။ အီလက်ထရောနစ် လက်မှတ်အတွက် သင့်အနေဖြင့် အဆိုပါလက်မှတ်ဝယ်ယူရန် အသုံးပြုမည့် အကြွေးဝယ်ကဒ်ကို တင်ပြရမည်ဖြစ်ပြီး လေယာဉ်စီးနင်းနိုင်ရန် စာရင်းပေးသွင်းသည့်ကောင်တာ၌ သင့်နိုင်ငံကူးလက်မှတ်ကို တင်ပြရမည်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် အကြွေးဝယ်ခွင့်ကဒ်ကို အတည်ပြုစစ်ဆေးရန် တင်ပြနိုင်ခြင်းမရှိပါက MAI အနေဖြင့် အဆိုပါ လေယာဉ်လက်မှတ်ကိုင်ဆောင်ထားသူ သို့မဟုတ် ကိုင်ဆောင်ထားသူများအား လေယာဉ်လိုက်ပါစီးနင်းခြင်းကို ငြင်းဆိုပိုင်ခွင့်ရှိသည်။

၄.၉။ အကြွေးဝယ်ခွင့်ကဒ်ကိုင်ဆောင်ထားသူ (ပိုင်ရှင်) သည် ခရီးသွားလားသည့်အဖွဲ့တွင် ပါဝင်သူဖြစ်ရမည်။

၄.၁၀။ MAI မှ ဆောင်ရွက်ပေးသည့် လေယာဉ်တင်ကုန်စည်နှင့် အခြားဝန်ဆောင်မှုများသည် MAI ၏ သဘောတူကန်ထရိုက်စာအုပ်ပါ သတ်မှတ်ချက်များ၊ အသိပေးချက်များနှင့် ကုန်ပစ္စည်း၏ အထွေထွေသတ်မှတ်ချက်များပေါ် မူတည်သည်။ MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility မှတဆင့် ကြိုတင်စာရင်းသွင်း ဆောင်ရွက်ခြင်းဖြင့် သင့်အနေဖြင့် MAI ၏ သဘောတူကန်ထရိုက်စာချုပ်ပါ သတ်မှတ်ချက်များ၊ အသိပေးချက်များနှင့် ကုန်ပစ္စည်းအတွက် အထွေထွေသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် သဘောတူညီပြီးဖြစ်သည်။ အဆိုပါ သတ်မှတ်ချက်အား MAI Website တွင် ကြည့်ရှုနိုင်ပါသည်။

ပြန်အမ်းငွေဆိုင်ရာမူဝါဒ

  • ခရီးသွားလာမှုနှင့် စပ်ဆက်နေသော ကုန်စည်နှင့်ဝန်ဆောင်မှုများအနက် ၎င်းတို့နှင့် သီးခြားသက်ဆိုင်သော စည်းမျဉ်း၊ စည်းကမ်းနှင့် သတ်မှတ်ချက်များအရ ပြန်အမ်းငွေထုတ်ပေးနိုင်သော ကုန်စည်နှင့် ဝန်ဆောင်မှုများကိုသာ ပြန်အမ်းငွေထုတ်ပေးမည်။ ကျေးဇူးပြု၍ ဤသဘောတူညီချက်၏ အပိုဒ် ၃.၂ နှင့် ၄.၄ တွင် ကြည့်ရှုပါ။
  • ငွေပြန်အမ်းခြင်းလုပ်ငန်းစဉ်သည် ရက်သတ္တပတ် ၈ ပတ်အထိ ကြာမြင့်နိုင်ပြီး ပြန်လည်ထုတ်ပေးငွေသည် မူလလေယာဉ်လက်မှတ်ဝယ်ခဲ့သည့် ငွေကြေးအတိုင်းသာ ထုတ်ပေးမည်ဖြစ်သည်။
  • ၁၀၀ ရာခိုင်နှုန်း ပြန်အမ်းငွေအပြည့်ထုတ်ပေးခြင်းသည် ဝယ်ယူခဲ့သောခရီးသွားလာမှုနှင့် ဆက်စပ်ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် သတ်မှတ်ထားသော စည်းကမ်းနှင့်သတ်မှတ်ချက်များကို ဆောင်ရွက်ပေးရန် MAI မှ ပျက်ကွက်သည့်အခါတွင်သာ အကျုံးဝင်သက်ဆိုင်မည်ဖြစ်သည်။
  • မည်သည့်ကိစ္စရပ်တွင်မဆို MAI ၏ ဆုံးဖြတ်ချက်သည် အပြီးသတ်အတည်ဖြစ်သည်။

အကြံပြုချက်များ၊ ထင်မြင်သုံးသပ်ချက်များနှင့် တုံ့ပြန်ချက်များ

မေးခွန်းများ၊ ထင်မြင်သုံးသပ်ချက်များနှင့် အကြံပြုချက်များကဲ့သို့ တုန့်ပြန်မှု သတင်းအချက်အလက်များ ပါရှိသည့် MAI ၏ ထုတ်ပြန်ချက်တစ်ရပ်ကို (သို့မဟုတ်) လျှို့ဝှက်ချက် အဖြစ်သတ်မှတ် မထားသော MAI ၏ မည်သည့် စာရွက်စာတမ်း တွင်မဆို ပါဝင်သည့် အကြောင်းအရာ နှင့်စပ်လျဉ်းသော အထောက်အထား တစ်ရပ်ကို သင့်အနေဖြင့် တုန့်ပြန်မည်ဆိုပါက ထိုသို့သော သတင်းအချက် အလက်နှင့်စပ်လျဉ်း၍ MAI အနေဖြင့် မည်သို့မျှ တာဝန်ရှိမည်မဟုတ်သည့်ပြင် MAI အနေဖြင့် အဆိုပါသတင်း အချက်အလက်ကို ပြန်လည်ကူးယူခြင်း၊ အသုံးပြုခြင်း၊ ဖွင့်ဟဖော်ထုတ်ခြင်းနှင့် အခြားသူများသို့ ပြန်လည် ဖြန့်ဝေခြင်းတို့ကို အကန့်အသတ် မရှိဆောင်ရွက်သွားမည်ဖြစ်သည်။

ဤ Website သို့ ပေးပို့လာသည့် မည်သည့်ဆက်သွယ်သတင်းပေးချက်မဆို သိုမဟုတ် MAI သို့ အီလက်ထရောနစ်စာပို့မှုကဲ့သို့ အခြားနည်းလမ်းဖြင့် ပေးပို့လာသော ဆက်သွယ်မှုများမဆို အခြေခံအားဖြင့် လျှို့ဝှက်ချက်များ မဟုတ်ကြပေ။ MAI သည် အဆိုပါ ဆက်သွယ်သတင်းပေးချက်များကို ပြန်လည်ဆင့်ပွားခြင်း၊ ပုံနှိပ်ဖြန့်ဝေခြင်း သို့မဟုတ် မည်သည့်ရည်ရွယ်ချက်အတွက်မဆို မည်သည့်နည်းလမ်းဖြင့်မဆို အသုံးပြုသွားမည်။ MAI အနေဖြင့် ဆက်သွယ်သတင်းပေးချက်တွင် ပါဝင်သည့် မည်သည့်စိတ်ကူး၊ တီထွင်မှု၊ အယူအဆ၊ နည်းပညာ (သို့မဟုတ်) ကျွမ်းကျင်မှုကိုမဆို အသုံးပြုမည်။ ထိုသို့အသုံးပြုရာတွင် ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ချဲ့ထွင်ခြင်း၊ ထုတ်လုပ်ခြင်း (သို့မဟုတ်) ကုန်ပစ္စည်း/ ဝန်ဆောင်မှုများအား ဈေးကွက်မြှင့်တင်ခြင်း အပါအဝင် မည်သည့်ရည်ရွယ်ချက်အတွက်မဆို အသုံးပြုမည်ဖြစ်သည်။

ထို့ပြင် MAI သည် အဆိုပါ သတင်းအချက်အလက်တွင် ပါဝင်သည့် မည်သည့်စိတ်ကူး၊ အယူအဆ၊ ကျွမ်းကျင်မှု (သို့မဟုတ်) နည်းပညာကိုမဆို အသုံးပြုသွားမည်ဖြစ်သည်။ ထိုသို့ အသုံးပြုရာတွင် အဆိုပါ သတင်းအချက်အလက်ကို ထည့်သွင်းပေါင်းစပ်ထားသော ဝန်ဆောင်မှုများကို ချဲ့ထွင်ခြင်း၊ ဈေးကွက်မြှင့်တင်ခြင်း အပါအဝင် မည်သည့်ရည်ရွယ်ချက် အတွက်မဆို အသုံးပြုမည်ဖြစ်သည်။

အခြား Website များနှင့် ချိတ်ဆက်မှုများ

ဤ Website တွင် MAI မှ ထိန်းသိမ်းထားခြင်းမရှိသော အခြား Website များသို့ ချိတ်ဆက်မှုများ ပါဝင်သည်။ ထိုနည်းတူပင် အခြား Website များတွင်လည်း ဤ Website သို့ ချိတ်ဆက်နိုင်သည့် Links များ ပါဝင်နိုင်မည်ဖြစ်သည်။ MAI အနေဖြင့် အဆိုပါ Website များတွင် ပါဝင်သည့် အကြောင်းအရာများအတွက် တာဝန်မရှိသည့်အပြင် အဆိုပါ Website များတွင် ပါဝင်သည့် အကြောင်းအရာများကြောင့် ပေါ်ပေါက်သည့် မည်သည့်ဆုံးရှုံးမှု၊ ပျက်စီးထိခိုက်မှု သို့မဟုတ် နာကျင်ရမှုများအတွက် တာဝန်ရှိမည်မဟုတ်ပါ။ အခြား Website များသို့ ချိတ်ဆက်ထားသော မည်သည့်ချိတ်ဆက်မှုမဆို ဤ Website အသုံးပြုရာတွင် လွယ်ကူအဆင်ပြေမှုရှိစေရန်မျှသာဖြစ်ပြီး ချိတ်ဆက်ထားသည့် Website များ သို့မဟုတ် ၎င်းတို့ကို လည်ပတ်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအပေါ် MAI မှ ထောက်ခံချက်ပြုသည်ဟု ညွှန်းဆိုခြင်းမပြုပါ။ မိမိဘာသာ မိမိတာဝန်ယူ၍ ဝင်ရောက်အသုံးပြုသည့် အဆိုပါ Website များ အသုံးပြုမှုအတွက် တာဝန်ရှိမှုနှင့် တာဝန်ခံမှုအားလုံးကို MAI အနေဖြင့် မသက်ဆိုင်ကြောင်း ငြင်းဆိုသည်။

ဤ Website နှင့် ချိတ်ဆက်လိုသော မည်သည့်တတိယအဖွဲ့အစည်းမဆို ချိတ်ဆက်ခြင်းမပြုမီ ထိုသို့ပြုလုပ်လိုခြင်းအတွက် MAI သို့ ကြိုတင်အသိပေးအကြောင်းကြားသင့်သည်။ ဤ Website သို့ ချိတ်ဆက်မည့် မည်သည့်ချိတ်ဆက်မှုများကိုမဆို ခွင့်ပြုပေးရန် MAI မှ ငြင်းဆိုနိုင်သည်။ သို့ရာတွင် MAI အနေဖြင့် ထိုသို့သော ချိတ်ဆက်မှုများအတွက် ခွင့်ပြုပေးခဲ့သည့်တိုင် တတိယအဖွဲ့နှင့် အပြန်အလှန်ချိတ်ဆက်မှုများ ဆောင်ရွက်ရန် MAI အနေဖြင့် မည်သည့်တာဝန်မျှ မရှိပေ။

သက်ဆိုင်ရာဥပဒေနှင့် တရားစီရင်ပိုင်ခွင့် 

Website အသုံးပြုခြင်း၏ ကန့်သတ်ချက်များနှင့် စပ်လျဉ်းသောဥပဒေမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ ပြဌာန်းထားသောဥပဒေဖြစ်ပြီး အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ပြည်ထောင်စုမြန်မာနိုင်ငံ၏ တရားရုံးများတွင်သာ တရားစီရင်ပိုင်ခွင့် ရှိစေရမည်။

၅.၁။ အချို့သောနေရာဒေသများသို့ သွားရောက်ရေးအတွက် ပြည်ဝင်ခွင့်ဗီဇာ လိုအပ်မည်ဖြစ်သည်။ အဆိုပါ ပြည်ဝင်ခွင့်ဗီဇာရရှိရန်မှာ သင်တစ်ဦးတည်း၏ တာဝန်ပင်ဖြစ်သည်။ သင့်ခရီးသွားလာမှုကာလအတွက် တရားဝင်သက်တမ်းရှိ နိုင်ငံကူးလက်မှတ်တစ်ခု ရှိရမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးရက်သည် သင်ဝင်ရောက်မည့်နိုင်ငံများအားလုံးမှ လက်ခံနိုင်ရမည်ဖြစ်သည်။ နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ လိုအပ်မည့် အချက်အလက်များကို သင်သွားရောက်မည့်နိုင်ငံ (သို့မဟုတ်) နိုင်ငံများမှ သံရုံးများတွင် ရရှိနိုင်မည့်အပြင် ဒေသဆိုင်ရာ MAI ရုံးများတွင်လည်း ရရှိနိုင်မည်ဖြစ်သည်။

၅.၂။ လေယာဉ်လက်မှတ်ခများတွင် လေဆိပ်နှင့်ခရီးသည် အခွန်အခများအားလုံး ပါဝင်မည်မဟုတ်ပဲ၊ အဆိုပါအခွန်အခများကို ခရီးသည်တစ်ဦးချင်းစီက ပေးဆောင်ရမည်ဖြစ်သည်။ ထိုသို့သော သတင်းအချက်အလက်များကို လေယာဉ်ခနှုန်းထားနှင့်အတူ ဖော်ပြလေ့ရှိပြီး အခွန်အခများအားလုံး ပါဝင်လေ့ရှိသည်။

၅.၃။ အချို့လေဆိပ်များတွင် ခရီးသည်ဝန်ဆောင်ခ ကောက်ခံကြပြီး အဆိုပါကောက်ခံမှုကို ခရီးသည်များမှ လေဆိပ်တွင်ပေးဆောင်ရမည်ဖြစ်သည်။ အဆိုပါ ကောက်ခံမှုများနှင့်သက်ဆိုင်သော သတင်းအချက်အလက်ကို ဤ Website တွင် ဖော်ပြထားခြင်း မရှိပေ။

၅.၄။ အချို့သော အကောက်ခွန်များ၊ စည်းကြပ်ခွန်များနှင့် ခရီးသည်ဝန်ဆောင်ခ ကောက်ခံမှုများကို လေယာဉ်လက်မှတ်နှုန်းထားတွင် ထည့်သွင်းတွက်ချက်ထားပြီး လေယာဉ်လက်မှတ်ထုတ်ပေးချိန်တွင် ကောက်ခံကြသည်။ အဆိုပါ အခွန်အခများနှင့် ဝန်ဆောင်ခများသည် လေယာဉ်လက်မှတ်ကို အသုံးပြုသည့်အခါ ပြန်အမ်းငွေအဖြစ် ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ ပြန်အမ်းငွေရရှိရေးအတွက် ဒေသဆိုင်ရာ MAI ရုံးသို့ ဆက်သွယ်ဆောင်ရွက်ပါ။

၆.၁။ သင့့်အနေဖြင့် ဤ Website ကို အသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်များအရ တားမြစ်ထားသည့် (သို့မဟုတ်) ဥပဒေနှင့်ဆန့်ကျင်သည့် မည်သည့်ရည်ရွယ်ချက်အတွက်မဆို အသုံးမပြုရ။ သင့်အနေဖြင့် MAI လေကြောင်းပို့ဆောင်မှုဆိုင်ရာ Online Booking Facility ကို မည်သည့် ဈေးကစားသော (သို့မဟုတ်) မှားယွင်းသော (သို့မဟုတ်) အတုအယောင်ဖြစ်သော ကြိုတင်စာရင်းပေးသွင်းမှု ပြုလုပ်ရန် အသုံးမပြုရ။

၆.၂။ သင့်အနေဖြင့် -

(က) MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility ၏ ဝန်ဆောင်မှုကို ပြန်လည်ရောင်းချခြင်း မပြုရ (သို့မဟုတ်)
(ခ) ဥပဒေတစ်စုံတစ်ရာကို ချိုးဖောက်သည့် မည်သည့်ဆောင်ရွက်ချက်အတွက်ကိုမဆို MAI ၏ လေကြောင်း ပို့ဆောင်ရေးဆိုင်ရာ Online Booking Facility ကို အသုံးမပြုရ (သို့မဟုတ်)
(ဂ) အခြားသုံးပြုသူများကို အနှောက်အယှက်ဖြစ်စေမည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် MAI ၏ လေကြောင်း ပို့ဆောင်ရေးဆိုင်ရာ Online Booking Facility ကို အသုံးမပြုရ (သို့မဟုတ်)
(ဃ) သင့်အနေဖြင့် MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility ကို အသုံးမပြုနိုင်ပါက သတင်းအချက်အလက် ရရှိရန် သို့မဟုတ် ညှိနှိုင်းရန် အခြားနည်းလမ်းများ ကို အသုံးမပြုရ
အကယ်၍ MAI သည် (တစ်ဖက်တည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ) ဤ အသုံးပြုခြင်းဆိုင်ရာ ကန့်သတ်ချက်တစ်စုံတစ်ရာကို သင့်အနေဖြင့် ချိုးဖောက်သည် (သို့မဟုတ်) ချိုးဖောက်လိမ့်မည်ဟု ထင်မြင်ယူဆပါက သင်၏ကြိုတင်စာရင်းပေးသွင်းထားခြင်းကို အကြောင်းပြချက်တစ်စုံတစ်ရာမပေးပဲ သို့မဟုတ် သင့်အားထပ်မံမေးမြန်းခြင်းမပြုပဲ MAI မှ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

MAI နှင့် ၎င်းမှ ခွင့်ပြုပေးထားသူများသည် MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility မှတဆင့် ရရှိနိုင်သော တိမ်မြုပ်နေသော သတင်းနှင့် အချက်အလက်များ၊ Software များအားလုံးနှင့် စပ်လျဉ်း၍ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ခွင့်အပါအဝင် ပိုင်ခွင့်အားလုံးကို ချုပ်ကိုင်ထားသည်။ MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility မှတဆင့် ရရှိနိုင်သော မည်သည့် Software သို့မဟုတ် တိမ်မြုပ်နေသော မည်သည့်သတင်းနှင့် အချက်အလက်များကိုမဆို MAI ၏ စာဖြင့်ရေးသားထားသော ခွင့်ပြုချက် (သို့မဟုတ်) မြန်မာနှင့် အခြားသက်ဆိုင်ရာဥပဒေများနှင့် ပြဠာန်းချက်များကို အပြည့်အဝ လေးစားလိုက်နာခြင်းမှတစ်ပါး Download ကူးယူခြင်း (သို့မဟုတ်) အခြားနည်းလမ်းဖြင့် ဖြန့်ဖြူးခြင်း (သို့မဟုတ်) ထပ်ဆင့်ဖြန့်ဖြူးခြင်း မပြုလုပ်ရ။

အထူးသဖြင့် MAI ၏ စာဖြင့်ရေးသားထားသော ညွှန်ကြားချက်များနှင့်အညီ MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility မှတဆင့် ရရှိနိုင်သော မည်သည့် Software သို့မဟုတ် တိမ်မြုပ်နေသော မည်သည့်သတင်းနှင့် အချက်အလက်များကိုမဆို ကူးယူခြင်း (သို့မဟုတ်) အခြားနည်းလမ်းဖြင့် ဖြန့်ဖြူးခြင်း (သို့မဟုတ်) ထပ်ဆင့်ဖြန့်ဖြူးခြင်း မပြုလုပ်ရ။

သင်သည် ဤအသုံးပြုခြင်းဆိုင်ရာ ကန့်သတ်ချက်များနှင့်အညီ Booking Facility ကို အသုံးပြုရန်နှင့် ဤ Website ကို အသုံးပြုခြင်း၏ အကျိုးရလာဒ်အဖြစ် သင်ကျခံရမည့် မည်သည့်တာဝန်အတွက်ကိုမဆို တရားဝင်တာဝန်ယူရန် တရားဝင်အသက်ပြည့်မီကြောင်း တင်ပြရမည်။ သင်သည် ဤ Website အသုံးပြုမှုအတွက် ငွေရေးကြေးရေးအရ သင်ကိုယ်တိုင်တာဝန်ခံရမည်။ သင့်အမည် သို့မဟုတ် သင့်ဘဏ်စာရင်ဖြင့် Booking Facility အသုံးပြုမှုအားလုံးအတွက် သင့်အနေဖြင့် ကြီးကြပ်ဆောင်ရွက်ရမည်။ Booking Facility အသုံးပြုရာတွင် သင်နှင့် သင့်မိသားစုဝင်များ ဖြည့်သွင်းသည့် သတင်းအချက်အလက်များအားလုံးသည် မှန်ကန်တိကျပြီး အမှားကင်းစင်ကြောင်း သင်အာမခံရမည်ဖြစ်သည်။ 

MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility သည် “အရှိအတိုင်း” စီစဉ်ပေးထားခြင်းဖြစ်ပြီး ကိုယ်ရေးကိုယ်တာနှင့် လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ပွင့်လင်းခြင်းအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ကွန်ပြူတာကွန်ယက်နှင့် Booking Facility ကို သင်၏အသုံးပြုခြင်းအတွက် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များနှင့် တာဝန်များကို သင့်အနေဖြင့် တာဝန်ယူရမည်ဖြစ်သည်။ MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility နှင့် မည်သည့် Software (သို့မဟုတ်) Hardware များအကြား သဟဇာတဖြစ်မှု (သို့မဟုတ်) ရောင်းတန်းဝင်အရည်အသွေးရှိမှု၊ တစ်စုံတစ်ခုသော ရည်ရွယ်ချက်တစ်ရပ်ရပ်အတွက် သင့်လျော်မှု၊ မူပိုင်ခွင့်ကို မချိုးဖောက်မှု (သို့မဟုတ်) အခြားပိုင်ဆိုင်မှုနှင့်သက်ဆိုင်သော ပိုင်ခွင့်များအပါအဝင် Booking Facility နှင့်စပ်လျဉ်းသော အတိအကျဖော်ပြထားသော အာမခံများ (သို့မဟုတ်) ကုန်သွယ်မှုထုံးတမ်းစဉ်လာအရထားရှိသော အာမခံများအားလုံးကို သင့်အနေဖြင့် စွန့်လွှတ်ရမည်ဖြစ်ပြီး ဥပဒေကြောင်းအရ လိုအပ်ပါက MAI အနေဖြင့် မသက်ဆိုင်ကြောင်း အတိအကျရှင်းလင်းဖော်ပြသွားမည်ဖြစ်သည်။ 

MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility သို့ သင်၏ဝင်ရောက်ခြင်းအတွက် MAI Online Booking Facility သည် အနှောက်အယှက်ကင်းသော (သို့မဟုတ်) အမှားကင်းစင်သော (သို့မဟုတ်) MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility မှတဆင့် ဝင်ရောက်နိုင်သော မည်သည့်သတင်းများ၊ အချက်အလက်များ၊ ပါဝင်သည့်အကြောင်းအရာများ၊ Software (သို့မဟုတ်) အခြားအချက်အလက်ကုန်ကြမ်းများသည် ကွန်ပြူတာနှင့် ကွန်ပြူတာကွန်ယက်များကို အနှောက်အယှက်ဖြစ်စေသည့် Bugs၊ ဗိုင်းရပ်စ်၊ Worms၊ Trojan horses နှင့် အခြားအန္တရာယ်ဖြစ်စေနိုင်သော အစိတ်အပိုင်းများကင်းစင်မည်ဟု MAI အနေဖြင့် အာမခံခြင်းမပြု (သို့မဟုတ်) ကိုယ်စားပြုခြင်းမရှိပေ။ 

အောက်ဖော်ပြပါ အကြောင်းကိစ္စတစ်စုံတစ်ရာနှင့် ဆက်သွယ်မှုကို အကြောင်းပြုအရင်းခံလျက် (သို့မဟုတ်) လွယ်လင့်တကူဖြစ်ကတတ်ဆန်း ဆက်သွယ်ထားမှုကြောင့် ပေါ်ပေါက်လာသော (အကျိုးစီးပွားဆုံးရှုံးရမှု (သို့မဟုတ်) အခြားအထူးထိခိုက်ပျက်စီးမှုအပါအဝင်) အမှန်တကယ်ဖြစ်စေ၊ မတော်တဆဖြစ်စေ၊ အကြောင်းတိုက်ဆိုင်၍ဖြစ်စေ (ပေါ့လျော့မှုကို အခြေခံလျက်ဖြစ်ပေါ်ရမှုအပါအဝင်) ဖြစ်ပေါ်လာသော မည်သည့်ထိခိုက်မှု၊ ဆုံးရှုံးမှု၊ နစ်နာကြေးတောင်းဆိုမှု၊ ထိခိုက်ပျက်စီးမှုအတွက်ကိုမဆို MAI အနေဖြင့် ဥပဒေကြောင်းအရ တာဝန်မရှိပေ -

(က) MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility ကို အသုံးပြုခြင်း (သို့မဟုတ်) ဝင်ရောက်ကြည့်ရှုခြင်း

(ခ) MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility တွင် ပါဝင်သည့် အချက်အလက်၊ သတင်းနှင့် အကြောင်းအရာများ (ဈေးနှုန်းနှင့် နေရာရရှိနိုင်မှု စစ်ဆေးခြင်း (သို့မဟုတ်) ကြိုတင်စာရင်းပေးသွင်းခြင်း၊ လက်မှတ်ဝယ်ယူခြင်း (သို့မဟုတ်) အခြားမည်သည့်အသုံးပြုမှုအတွက်မဆို အဆိုပါ အချက်အလက်၊ သတင်းနှင့် အကြောင်းအရာများကို အသုံးပြုခြင်းအပါအဝင်)

(ဂ) ဘဏ်နှင့် အကြွေးဝယ်ခွင့်ကဒ် အသေးစိတ်အပါအဝင် မည်သည့်ကိုယ်ရေးကိုယ်တာနှင့် လုပ်ငန်းဆိုင်ရာ သတင်း အချက်များ ဖြည့်စွက်တင်ပြခြင်း

(ဃ) ဈေးနှုန်းနှင့် နေရာရရှိနိုင်မှုကိုစစ်ဆေးရန် (သို့မဟုတ်) ကြိုတင်စာရင်းပေးသွင်းမှုနှင့် လက်မှတ်ဝယ်ယူမှုများဆောင်ရွက်ရန် (သို့မဟုတ်) အခြားတစ်စုံတစ်ရာအတွက် အသုံးပြုရန် MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility ကို အသုံးပြုရာတွင် ကမ္ဘာလုံးဆိုင်ရာ ကွန်ပြူတာကွန်ယက်၊ အထောက်အကူပြုပစ္စည်းကိရိယာများ၊ MAI ၏ စနစ်များ (သို့မဟုတ်) နည်းပညာဆိုင်ရာ (သို့မဟုတ်) အခြားအခြေအနေတစ်ရပ်ရပ်ကြောင့် Booking Facility စနစ်တစ်ခုလုံး (သို့မဟုတ်) အစိတ်အပိုင်း (သို့မဟုတ်) ချွတ်ယွင်းချက်တစ်စုံတစ်ရာ (သို့မဟုတ်) နှောင့်နှေးကြန့်ကြာမှုစသည့် အဆင်မပြေမှုများ

(င) MAI ၏ လုပ်ငန်းဆောင်ရွက်မှု (သို့မဟုတ်) လုပ်ငန်းမဆောင်ရွက်မှု (သို့မဟုတ်) MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility နှင့် စနစ်တစ်ခုလုံး (သို့မဟုတ်) အစိတ်အပိုင်းတစ်ရပ် ဆက်စပ်နေသည့် ဝန်ဆောင်မှု (သို့မဟုတ်) လုပ်ငန်းတစ်ရပ်ရပ်၏ ချွတ်ယွင်းမှု

(စ) ကမ္ဘာလုံးဆိုင်ရာ ကွန်ပြူတာကွန်ယက်မှတဆင့် MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility အတွင်းသို့ ခွင့်ပြုချက်မရရှိပဲ ဝင်ရောက်ကြည့်ရှုခြင်း (သို့မဟုတ်) လုံခြုံရေးကို ချိုးဖောက်ဝင်ရောက်ခြင်း

(ဆ) MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility မှတဆင့် ဆောင်ရွက်သည့် မည်သည့် Booking၊ ကြိုတင်စာရင်းပေးသွင်းခြင်း (Reservation) သည် မှတ်ပုံမတင်ထားခြင်း (သို့မဟုတ်) နှောင့်နှေးနေခြင်း (သို့မဟုတ်) မှားယွင်းနေခြင်းဖြစ်ပေါ်ပြီး MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility ကို အသုံးပြုခြင်း (သို့မဟုတ်) ဝင်ရောက်ကြည့်ရှုခြင်းနှင့် ဆက်စပ်လျက်ဖြစ်ပေါ်ရသော မည်သည့်ဆုံးရှုံးမှု၊ ထိခိုက်ပျက်စီးမှုအတွက် MAI မှ တာဝန်ရှိကြောင်း တွေ့ရှိရပါက MAI ၏ တာဝန်ယူမှုသည် MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility သို့ ဝင်ရောက်ကြည့်ရှုမှုအတွက် အခကြေးငွေ (သို့မဟုတ်) ဝန်ဆောင်ခ စုစုပေါင်းထက် ကျော်လွန်ခြင်းမရှိစေရ။

MAI သည် အောက်ဖော်ပြပါ အကြောင်းအရာများဖြစ်ပေါ်နေသည်ဟု သံသယရှိပါက သင်၏ MAI လေကြောင်း ပို့ဆောင်ရေးဆိုင်ရာ Online Booking Facility အသုံးပြုခြင်းကို ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိပဲ အချိန်မရွေး ဖျက်သိမ်းမည် (သို့မဟုတ်) ရပ်ဆိုင်းမည်ဖြစ်သည် -

(က) Booking Facility (သို့မဟုတ်) သင်၏အမည်၊ အသုံးပြုသူ သက်သေခံလက်မှတ်၊ အထူးအခွင့်အရေးရ အဖွဲ့ဝင်နံပါတ်နှင့် အကြွေးဝယ်ခွင့်ကဒ်တို့ကို သင်၏တရားဝင် ခွင့်ပြုထားခြင်းမရှိသော ပုဂ္ဂိုလ်များက အသုံးပြုနေသည် (သို့မဟုတ်) အသုံးပြုလိမ့်မည်ဟု သံသယရှိသောအခါ

(ခ) ဤအသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်များကို ချိုးဖောက်သည့်အခါ (သို့မဟုတ်)

(ဂ) ဆောင်ရွက်ချက်တစ်ရပ်သည် သင် (သို့မဟုတ်) MAI ကို ဆုံးရှုံးနစ်နာမှု ဖြစ်ပွားစေပါက MAI အနေဖြင့် တစ်ဦးတည်းကိုယ်ပိုင်ဆုံးဖြတ်ခွင့်အရ MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility သို့ သင်၏ ဝင်ရောက်ကြည့်ရှုအသုံးပြုခွင့်ကို တားမြစ်ခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်းကို ကြိုတင်အသိပေးခြင်း၊ အကြောင်းတစ်စုံတစ်ရာပြသခြင်းမပြုပဲ အချိန်မရွေးဆောင်ရွက်သွားမည် (သို့မဟုတ်) Booking Facility မှတဆင့် သင်တောင်းဆိုသည့် မည်သည့်ကြိုတင်စာရင်းပေးသွင်းခြင်းကိုမဆို မည်သည့်အကြောင်းပြချက် (သို့မဟုတ်) သတိပေးချက်မပြုလုပ်ပဲ ဆက်လက်ဆောင်ရွက်ပေးရန် ငြင်းဆန်သွားမည်ဖြစ်သည်။

MAI ၏ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ Online Booking Facility မှတဆင့် MAI သို့ သင်ပေးပို့သည့် သတင်းအချက်အလက် များသည် လျှို့ဝှက်ကိစ္စအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး တရားမဝင် ဝင်ရောက် ကြည့်ရှုခြင်းများမှ ကာကွယ် ပေးထားရန် သင့်တင့်လျောက်ပတ်သော ဆောင်ရွက်ဖွယ် ကိစ္စရပ်များအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့ရာတွင် တရားမဝင်ခွင့်မပြုပဲ ဝင်ရောက်ကြည့်ရှုမှုများအပေါ် အာမခံခြင်းမပြုပေ။ အဆိုပါ သတင်း အချက်အလက်ရရှိရန် မည်သည့်နည်းလမ်းဖြင့်မဆို တရားမဝင် ဝင်ရောက်ကြည့်ရှုမှုအတွက် MAI အနေဖြင့် ဥပဒေအရ တာဝန်ရှိမည်မဟုတ်ပေ။ 

ဤသဘောတူညီချက်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တရားဥပဒေအရ ရေးဆွဲထားပြီး (အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်ပါက ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ တရားရုံးများ၏ တရားစီရင်ဆုံးဖြတ်မှု တစ်ခုတည်းကိုသာ နာခံရန် သဘောတူညီသည်။